Guide

အသုံးပြုနည်း

အကောင့်ဖွင့်တာကနေ Diamonds Game ထဲရောက်တဲ့အထိ အဆင့်ဆင့်

အကျဉ်းချုပ်

1အကောင့်ဖွင့်Email (သို့) Google / Telegram
2Package ရွေးDiamonds, Weekly Card, Packs
3MLBB ID ထည့်နာမည်ကို Auto စစ်ပေး
4ငွေပေးချေWallet (သို့) KBZ / Wave / AYA
5Game ထဲ ရောက်ပြီပုံမှန် မိနစ်ပိုင်းအတွင်း

ငွေပေးချေနည်း ၂ မျိုး ရှိပါတယ်။ Wallet က ကြိုတင် ငွေဖြည့်ထားပြီး အမြန်ဆုံး (ချက်ချင်း) ဝယ်လို့ရတဲ့နည်းပါ။ KBZ Pay / Wave Pay / AYA Pay တိုက်ရိုက်ဆိုရင်တော့ Order တိုင်းမှာ ငွေလွှဲပြေစာ Screenshot တင်ရပြီး Admin စစ်ပြီးမှ ပို့ပေးပါတယ်။

၁။ အကောင့်ဖွင့်ခြင်း

  1. ညာဘက်အပေါ်က Sign Up ကို နှိပ်ပါ။
  2. နာမည်၊ Email နဲ့ Password (အနည်းဆုံး ၆ လုံး) ထည့်ပြီး Sign Up နှိပ်ပါ။ Google / Telegram ခလုတ်ပေါ်နေရင် အဲဒါနဲ့လည်း တစ်ချက်တည်း ဝင်လို့ရပါတယ်။
  3. နောက်တစ်ခါ Log in မှာ အဲဒီ Email နဲ့ Password နဲ့ ပြန်ဝင်ပါ။

🔒 ဒီ site အတွက် Password ကို Gmail / Facebook / MLBB Password နဲ့ မတူအောင် သီးသန့်ပေးပါ။ ကျွန်တော်တို့ဘက်က သင့် MLBB Account Password ကို ဘယ်တော့မှ မတောင်းပါဘူး။

၂။ MLBB ID (Player ID) ရှာနည်း

  1. Mobile Legends: Bang Bang ကို ဖွင့်ပြီး Main Lobby ထဲ ဝင်ပါ။
  2. ဘယ်ဘက်အပေါ်ထောင့်က ကိုယ့် Avatar / Profile ပုံ ကို နှိပ်ပါ။
  3. နာမည်အောက် (သို့) ဘေးမှာ ပါတဲ့ ID ဂဏန်း (ဥပမာ 1234567890123456) ကို ကြည့်ပါ။ ဘေးက Copy icon ကို နှိပ်ရင် ကူးယူလို့ရပါတယ်။
  4. Order page ရဲ့ MLBB User ID ထဲမှာ paste လုပ်ပြီး ID စစ်မည် ကို နှိပ်ပါ။ ✔ နဲ့ ကိုယ့် In-game နာမည် ပေါ်လာရင် မှန်ပါပြီ။

⚠️ ID က ဂဏန်းသက်သက် ဖြစ်ရပါမယ်။ In-game နာမည် (Nickname) ကို မထည့်ပါနဲ့။ ID မှားပြီး ပို့ပြီးသွားရင် Diamonds ကို ပြန်ယူလို့ မရပါဘူး — Order မတင်ခင် နာမည်ကို သေချာ စစ်ပါ။

၃။ Wallet ငွေဖြည့်နည်း

  1. Login ဝင်ပြီး Menu က Wallet ကို နှိပ်ပါ။
  2. ငွေလွှဲမယ့် နည်း (KBZ Pay / Wave Pay / AYA Pay) ကို ရွေးပါ။ အကောင့်နာမည်နဲ့ ဖုန်းနံပါတ် ပေါ်လာပါမယ်။
  3. အဲဒီ အကောင့်ကို ငွေလွှဲပါ (အနည်းဆုံး 1,000 MMK)။
  4. လွှဲခဲ့တဲ့ ပမာဏ ရိုက်ထည့်ပြီး ငွေလွှဲပြေစာ Screenshot တင်ကာ Submit လုပ်ပါ။
  5. Admin စစ်ဆေးပြီး Approve လုပ်တာနဲ့ Wallet ထဲ ငွေဝင်ပါမယ်။ Wallet page မှာ Status ကို ကြည့်နိုင်ပါတယ်။

💡 Screenshot မှာ ငွေပမာဏ၊ နေ့စွဲ/အချိန်နဲ့ Transaction ID ပါအောင် ရိုက်ပါ။ ပြေစာ အတု တင်ရင် အကောင့်နဲ့ MLBB ID ကို အပြီးပိတ်ပါတယ်။

၄။ Order တင်နည်း

  1. Order page ကို ဖွင့်ပါ။ အပေါ်က Tab (Diamonds / Weekly Card / Packs) ထဲက လိုချင်တဲ့ Package ကို ရွေးပါ။
  2. MLBB ID ထည့်ပြီး ID စစ်မည် နှိပ်ကာ နာမည် မှန်လား စစ်ပါ။
  3. အရေအတွက် ရွေးပါ (Diamonds ကို တစ်ကြိမ်မှာ ၂၀ ခုအထိ ဝယ်လို့ရပြီး Weekly Card / Packs က တစ်ကြိမ်မှာ ၁ ခုသာ ဝယ်လို့ရပါတယ်)။
  4. ငွေပေးချေနည်း ရွေးပါ —
    • My Wallet — Wallet ထဲက ငွေ ချက်ချင်းဖြတ်ပြီး Auto ပို့ပေးပါတယ်။
    • KBZ / Wave / AYA — ပြထားတဲ့ အကောင့်ကို ငွေလွှဲပြီး Screenshot တင်ပါ။ Admin စစ်ပြီးတာနဲ့ Auto ပို့ပေးပါတယ်။ ဒီနည်းနဲ့ဆို စစ်ဆေးဆဲ Order တစ်ခုပြီးမှ နောက်တစ်ခု တင်လို့ရပါတယ်။
  5. Order တင်မည် ကို နှိပ်ပြီး အတည်ပြုပါ။ My Orders မှာ Status ကို ကြည့်နိုင်ပါတယ်။

⏱️ ပုံမှန် ၁ – ၃ မိနစ်အတွင်း ရောက်ပါတယ်။ MLBB server ဘက် ပြဿနာရှိရင် Auto ပြန်ကြိုးစားတာကြောင့် မိနစ် ၃၀ လောက်ထိ ကြာနိုင်ပါတယ်။ ရောက်ပြီဆိုရင် Game ထဲက Diamonds balance မှာ စစ်ကြည့်ပါ။

၅။ Order Status အဓိပ္ပာယ်

AWAITING_PAYMENT

ငွေလွှဲပြေစာကို Admin စစ်ဆေးနေဆဲ

PROCESSING

ပို့နေဆဲ — ခဏစောင့်ပါ

COMPLETED

Game ထဲကို ရောက်ပါပြီ

PARTIAL

တစ်စိတ်တစ်ပိုင်းပဲ ရောက်ပါတယ် — မရောက်တဲ့အပိုင်းကို Wallet ထဲ Auto ပြန်အမ်းပါတယ်

FAILED / CANCELLED

မပို့နိုင်ပါ — Wallet နဲ့ဝယ်ရင် ငွေကို Auto ပြန်ထည့်ပေးပါတယ်

REJECTED

ငွေလွှဲပြေစာ မမှန်လို့ ငြင်းပယ်ထားပါတယ်

မေးစရာရှိသေးရင် Telegram @austinmoki ကို ဆက်သွယ်ပါ။